လာလည်သူများသို့

သူငယ်ချင်းခင်ဗျား
ဒီဘလော့ဂ်လေးဟာ facebook မှာရှိတဲ့ နှလုံးသားရေးရာအဖြာဖြာရဲ့ ဘလော့ဂ်ဖြစ်ပါတယ်။ ၀င်ရောက်ကြည့်ရှုသူများထဲမှ စာရေးဝါသနာပါသူ၊ ကဗျာရေးဝါသနာပါသူများ ဒီဘလော့ဂ်မှာ ၀င်ရောက်ရေးဖို့ရာဖိတ်ခေါ်ပါတယ်။ ဒီမှာတင်ထားတဲ့ ကဗျာများ၊ စာများကိုဖတ်လို့ သဘောကျတယ်ဆိုရင် comment လေးရေးထားပေးဖို့တောင်းဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းများရဲ့ comment တစ်ခုဟာ ကျွန်တော့်တို့အတွက်တော့ အားဆေးတစ်ခွက်ဖြစ်လို့ပါပဲ။ blog ရေးဖို့ရာဆက်သွယ်လိုလျှင် https://www.facebook.com/groups/heartcentre/ သို့ ပို့စ်တင်ကာဆက်သွယ်နိုင်ပါကြောင်း။

Tuesday, June 4, 2013

ပြောင်းပြန် နိယာမ


သဘာဝတရားတဲ့
နေ ရဲ့ ပူလောင်မှု အရောင်ကြောင့်
အလင်းရောင် ဖြစ်နေပါတယ်ဆိုတဲ့
လ က ဘာလို့ အေးစက်စက်ဖြစ်နေတာလဲ

Concave မှန်ရဲ့ ဂုဏ်သတ္တိကြောင့်
Reflection ဖြစ်ပြီးထွက်လာတဲ့
ပုံရိပ်စစ်က ဘာလို့ ပြောင်းပြန်ဖြစ်နေတာလဲ

ဘာလို့ အပူရှိန်က အေးစက်စက် ညဖြစ်ပြီး
ပုံရိပ်စစ်က ပြောင်းပြန်ဖြစ်နေတာလဲ

ပြောင်းပြန်ဖြစ်နေတဲ့
သဘာဝတရားကြီးကို ငါ ကြောက်တယ်
ငါ့အချစ်က နင့်အတွက် အမုန်းတွေဖြစ်နေမှာကို
ငါအရမ်းကြောက်တယ်……

AH

No comments:

Post a Comment