ပန်းတိုင်းအိပ်စက်
နေ့ကိုမက်သည်
ညနက်သဘင်
လှမဆင်လို
နှင်းလျှင်ဖြိုးဖြောက်
တံခါးခေါက်လည်း
မိုးသောက်ထိအောင် အိပ်ရက်သည်
ကုမုဒြာကြာ
ကျွန်ုပ်သာလျှင်
မျက်နှာငယ်သော
ကြယ်၏တောမှာ
တိမ်ကြောဆန်သူ
ပန်းချစ်သူကို
လူသူဆိတ်တုန်း
ညဥ့်နက်တုန်းမှာ
အပြုံးပွင့်နှင့် ကြိုပါ၏
သြော် လကွယ်သောည
နှမဘယ်ဆီ
ရောက်ခဲ့ပြီနည်း
နာရီပြန်ညောင်း
ညပေါင်းရင့်ရည်
မှောင်သည်ပိန်းပိန်း
သန်းယိမ်းလွန်လွန်
တံခွန်သောက်ရှူး
အာရုဏ်ကူးစေ
ချစ်ဦးသူကို စောင့်ပါမည်။
တက္ကသိုလ်ဘုန်းနိုင်(ပိတောက်ပွင့်ဆဲ လသာဆဲဝယ်)

No comments:
Post a Comment