ခုကျွန်တော်တို့နိုင်ငံမှာ
လက်ကိုင်ဖုန်းကို လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံအသုံးပြုလာနိုင်ကြပါပြီ။
လူတိုင်းမဟုတ်သော်လည်း
လူတော်တော်များများရဲ့လက်ထဲမှာ လက်ကိုင်ဖုန်းလေးတွေကိုယ်စီနဲ့ မြင်ရတာ ကျွန်တော်တို့
ဟိုတချိန်က ပါးစပ်အဟောင်းသားနဲ့ အားကျခဲ့ရတဲ့ကိုရီးယားဇာတ်လမ်းတွဲတွေ ထဲကိုရောက်နေသလားတောင်
ထင်မိပါတယ်။
လူတော်တော်များဖုန်းကိုင်လာနိုင်တာ အလွန်ဝမ်းမြောက်မိပါတယ်။
ငယ်ရွယ်သူများလဲ သူငယ်ချင်းများ၊ ချစ်သူတွေနဲ့ ဆက်သွယ်လာနိုင်လို့ ၀မ်းသာနေကြသလို၊
လူကြီးပိုင်း လူလတ်ပိုင်းများကလဲ မိမိတို့နဲ့သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာဖုန်းလေးအသုးံပြုပြီး
ယခင်ကထက်ပိုမို အဆင်ပြေလာကြပါတယ်။
ဖုန်းsim card ဈေးနှုန်းတွေလဲ တဖြည်းဖြည်းချပေးလာတော့
မြန်မာနိုင်ငံအ၀ှမ်းမှာဖုန်းအသုံပြုသူများဟာ အင်မတန် များပြားလာမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ဒါပေမယ့် ဖုန်းအသုံးပြုနေကြတဲ့ လူတွေရဲ့ကြားမှာ ရေပန်းအစားဆုံး popular အဖြစ်ဆုံး တခုရှိနေပါတယ်။
ဒါကို ဖုန်းအသုံးပြုသူများ နဲ့ ရင်းနှီးကျွမ်းဝင်လို့နေပါတယ်။ ဒါကဘာလဲ.................သတိရလို့
ဆက်တဲ့ (miss call)လေးများဖြစ်ပါတယ်။
သူတို့ဟာ ခုခေတ်စားနေတဲ့ Iphone တို့
Samsung ရဲ့ Galaxy S,SII,SIII တို့ထက်ပင် ပိုမိုလူကြိုက်များလာနေပါတယ်။ ဖုန်းအသုံးပြုသူများ
ဟာ ဖုန်းအခွံဘယ်လောက်တန်တယ် ဆိုတာ ထက် ဖုန်းထဲမှာ ပိုက်ဆံဘယ်လောက်ထည့်နိုင်လဲဆိုတာ
ပိုအရေးကြီးပါတယ်။ ကဲ နောက်ဆုံးပေါ် SIII ကြီးသုံးနေပေမယ့် iPhone 5 သုံးနေပေမယ့်
Miss Call လေးပဲ ပေးနေတဲ့သူကိုတွေ့ဖူးကြပါသလား.............?
ခုတော့ ဖုန်းဟန်းဆက်လေးတွေကတော့ တန်ဖိုးအရမ်းကြီးနေပေမယ့်
ဖုန်းထဲမှာ တကယ်လိုအပ်တဲ့ bill မတတ်နိုင်လို့ miss call လေးတွေဟာ ဖုန်းအသုံးပြုသူတွေကြားမှာ
မပါမဖြစ်ဆိုသလို နေရာယူလာကြပါပြီ။ ကိုယ့်ဖုန်းလေကို အမြဲ ကိုယ်နှင့်မကွာဆောင်ထားနေရတဲ့အဖြစ်မျိုးရောက်လာနေပါတယ်။
တကယ် ဖုန်းခေါ်တာလား
...........အလွမ်းခေါ်ဆိုမှုလေး လုပ်တာလားဆိုတာ ဖုန်းနဲ့ ကိုယ်နဲ့မကွာရှိနေမှ ခွဲခြားလို့ရနိုင်မှာပါ။
တဖြည်းဖြည်းနဲ့ ဖုန်းဟာ ကိုယ့်ရဲ့မရှိမဖြစ်ချစ်သူလေးတယောက်လိုတောင်ဖြစ်နေပြီလေ။
miss call ပေးတာကို လက်မြန်မြန်နဲ့ ပြန်ဖြေဖို့လဲ တချို့ ကျင့်ထားကြတယ်။ ဒါပေမယ့် ဒါဟာ
တကယ်တော့ အချည်းနှီးသာဖြစ်ပါတယ်။ တဖက်ကအားမနာတတ်တဲ့သူဆို ဖုန်းကိုင်လိုက်ရင်တောင်
ပြန်ချပစ်မှာပါပဲ။
အဲတော့
အနည်းဆုံးကိုယ့်ကို miss call ပေးတဲ့သူကို ဘယ်လို မှတ်လောက်သားလောက်အောင်ပညာပေးမှာလဲ။
autoanswer mode ကို သုံးမှာလား? ဒါလဲ useless ပါပဲ။ ပြန်ချပစ်လိုက်ရင် သူ့ဖက်က ဘယ်လောက်မှာ
ကုန်ကျသွားမှာမဟုတ်ပါဘူး။
ဒါဆို
miss call ပေးနေသူက မှားသလား? မမှားပါဘူးလို့ပဲဖြေရပါမယ်။ လူတိုင်းဖုန်းတခါခေါ်ရင် အနည်းဆုံးတော့
တစ်မိနစ်၊နှစ်မိနစ် လောက်ပြောဖြစ်မှာပါပဲ။ ဒါဆို ခုသတ်မှတ်ထားတဲ့နှုန်းဆို တယ်လီဖုန်းလေးကိုပြီး
ခေါ်ဆိုမှုစလိုက်ပြီဆိုတာ နဲ့ မိမိအိတ်ထဲက အနည်းဆုံး 50တန် 100တန်လေးဟာ တာ့တာဆိုပြီးလက်ပြနေပါတော့တယ်။
ဒါက ကိုယ်က လိမ္မာပါးနပ်ဦးမှပါ။ ရည်းစားနဲ့များပြောလိုက်လို့ကတော့ 5000တန်လောက်ပါ တာ့တာ
ပြသွားနိုင်ပါတယ်။
ကျွန်တော်ကတော့
ဖုန်းဘေလ်ကို သတ်မှတ်တာတမျိုးပါ။ တရပ်ကွက်တည်းနေတဲ့သူငယ်ချင်းမျိုးကို ခေါ်ဆိုမှုလုပ်မယ်ဆို
အရင်စဉ်းစားမိတယ်။ ဒါက သာမန်ကိစ္စအတွက်ဆက်တာလား၊ အရေးအရမ်းကြီးပြီး ပြောစရာ တိုတိုပဲလားဆိုတာတွေပါ။
အရေးကြီးတယ်၊ပြောစရာလဲမများဘူးဆိုရင် ဖုန်းခေါ်လိုက်ပါတယ်။ အရေးသိပ်မကြီးဘူး ပြောစရာတွေကလဲများတယ်ဆိုရင်
သူ့ကို သွားတွေ့ရင်တွေ့လိုက်ပါတယ်။ ပြီးမှ ဖုန်းဆက်လို့ကုန်မယ် ပိုက်ပိုက်လေးတွေကို
လက်ဖက်ရည်ဖြစ်ဖြစ်သောက်လိုက်ပါတယ်။ ကျွန်တော်ကတော့နောက်တခုတွက်ပါသေးတယ်။ ကိုယ်နဲ့သိပ်မဝေးတဲ့
သူငယ်ချင်း လမ်းလျှောက်သွားလိုက်ရင် ရောက်နိုင်မယ့် ခရီးလောက်ရှိတဲ့သူငယ်ချင်းနဲ့ ပြောတဲ့တစ်မိနစ်နဲ့၊
မြို့နယ်တွေအရမ်းဝေးလွန်းတဲ့ (ဥပမာ မင်္ဂလာဒုံကနေ ပုစွန်တောင်က သူငယ်ချင်းကို ခေါ်ဆိုတယ်ထားပါတော့)
တစ်မိနစ် ဘယ်လိုတန်ဖိုးချင်းကွာခြားတယ်ဆိုတာသိနိုင်ပါတယ်။
ဒါကြောင့်ဖုန်းဆိုတာ
ဝေးမှပဲသုံးရတော့မှာလား?တကယ်တော့ ဖုန်းဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲ
ဖြစ်ဖြစ်
လူတွေအဆင်ပြေစေဖို့ အဓိကပါ။ ဝေးမှနီးမှရယ်လို့တော့မဟုတ်ပါဘူး။ ဒါဆို Miss Call တွေခေတ်စားနေတာ
ခေတ်ဘယ်တော့ကုန်မလဲ ကျွန်တော်သေချာမသိပါဘူး။ ဖုန်းဝင်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေသာ အသိဆုံးပါ။
တကယ်တော့
သူတို့ပြောနေကြသလိုပဲ မြန်မာနိုင်ငံက ဖုန်းခေါ်ဆိုခဟာ အိမ်နီးချင်းနိုင်ငံ
တွေထက်နည်းပါတယ်။
ဒါတွေပဲကြည့်နေပြီး ဖုန်းခေါ်ဆိုခကိုတက်ယူချင်သေးလို့လား။ အိမ်နီးချင်းနိုင်ငံတွေရဲ့
အခြေခံလူတန်းစားတယောက်ရဲ
ဝင်ငွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတယောက်ဝင်ငွေဟာ အဆပေါင်းများစွာ ကွာခြားလွန်းတယ်ဆိုတာ
လူတော်တော်များများသိကြပါတယ်။ ဒါကို ၀န်ဆောင်မှုပေးနေတဲ့ သူတွေက မသိတာလား မသိချင်ယောင်ဆောင်နေတာလား?
ပြီးတော့ ဆက်သွယ်ရေးလုပ်ငန်းဆိုတာ အင်မတန်အကျိုးအမြတ်ကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။
ကမ္ဘာနဲ့အ၀န်းမှာ ဆက်သွယ်ရေးကုမ္ပဏီတွေ အရှူံးပေါ်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဘာလို့လဲဆိုတော့
သူတို့ဟာ အရင်းကိုလုံးခနဲ့ ရင်းလိုက်ပြီးတာနဲ့ အချိန်တိုင်းမှာ ငွေကို မလှုပ်မရှားပဲ
မရုန်းကန်ပဲ အေးဆေး သိန်း၊သန်းနဲ့ချီပြီး ထိုင်သိမ်းနေလို့ရပါတယ်။
အခွန်ကိစ္စတွေပြောလျှင် ဆက်သွယ်ရေးကုမ္ပဏီတွေ
လေခွန်ကိုတောင်ပေးဆောင်သင့်ပါတယ်။
ခုလဲ ပြသနာတခုလိုလိုဖြစ်လာနေသော
တယ်လီဖုန်း Microwave တာဝါတွေကိစ္စကိုတွေးကြည့်လျှင်သိနိုင်ပါတယ်။ ဖုန်းတာဝါတွေက ရေဒီယိုလှိုင်းတွေထုတ်လွှတ်တာ
လူတိုင်းအသိပါ။ ထိုလှိုင်းတွေကြောင့်လဲ လူတွေထိခိုက်နိုင်တယ်ဆိုတာလဲ လူတိုင်းအသိပါ။
ဒါကြောင့်အနည်းဆုံးတော့ ထုတ်လုပ်သူဖြစ်တဲ့ ၀န်ဆောင်မှုပေးတဲ့သူဖက်က တခုခုတော့ပေးဆပ်သင့်ပါတယ်။
ဒါပေမယ့်
ခုထိတော့ သူတို့ဖက်က ယူဖို့သာရှိပါတယ်။
ကျန်တာတွေကိုတော့ နောက်မှ ဆက်ရေးပါမယ်။ လောလောဆယ်တော့
မြန်မာနိုင်ငံမှာ ခေတ်အစားဆုံးဟာ သတိရတဲ့ ဖုန်းခေါ်ဆိုမှုလေးများသာဖြစ်ပါတယ်။ လူငယ်တွေဖုန်းကိုင်တော့
ဟန်းဆက်ကောင်းကောင်းကိုင်လာကြပါတယ်။ ထိုဟန်းဆက်များမှာ လူတယောက်ကို ဖျော်ဖြေပေးဖို့ရာ
သောတအာရုံနဲ့
စက္ခုအာရုံအတွက်တော့ ပြီးပြည့်စုံသလောက်ရှိပါတယ်။ ဒါပေမယ့် ဖုန်းဆိုတာ ဖုန်းသာဖြစ်ပါတယ်။
ဖုန်းဆက်ဖို့ရာ ပိုက်ဆံရှိမှာ မိမိဖုန်းဟာ တခြားသူတွေရဲ့ ဖုန်းများကြားမှာ ဖုန်းရာဝင်မှာဖြစ်ပါတယ်။
အမြဲတန်း Miss Call ပေးနေရရင်တော့ မချောင်ပါဘူး။ နောက်ဖုန်းဆက်ဖို့ အချိန်တိုင်း လက်တွန့်နေရရင်
ထိုဖုန်းလေးဟာ ရန်သူနဲ့မခြားဖြစ်လာပါလိမ့်မယ်။ မိမိရဲ့ ပိုက်ဆံလေးတွေကို တ၇ွက်ရွက်ပြီးတရွက်
ဝါးမျိုနေတဲ့ သတ္တ၀ါလေးတကောင်ဖြစ်လာပါလိမ့်မယ်။
အသိလူကြီးတယောက်ရဲ့စကားလေးကို ပြန်ကြားမိပါတယ်။
မင်းဖုန်းဝယ်လိုက်ပြီဟုတ်လား......အော်မင်းသနားစရာပါလား..........ဖွတ်တကောင်ဝယ်လိုက်တာနဲ့တူတယ်ဆိုတဲ့
စကားလေးပါ။ ဟုတ်ပါတယ် တခါတလေ တကယ်ကိုဖွတ်လို့ထင်မိပါတယ်။ လုပ်ငန်းရှင်တွေအတွက် ဖုန်းဘေလ်ဆိုတာ
ကိစ္စသိပ်မရှိပေမယ့် သာမန်လူတန်းစား၊ မိဘဆီက ငွေကိုတောင်းသုံးနေရတဲ့ ကျောင်းသားအ၇ွယ်လူငယ်များအတွက်
ယနေ့ခေတ်မှာ ဖုန်းဘေလ်ကာမိရေးဟာ စာမေးပွဲအောင်ဖို့ ကြိုးစားနေရသလို အရေးကြီးလာနေပါတယ်။
ဒါကြောင့် ဖုန်းhandset လေးတွေဘယ်လောက်တန်တန် တကယ်ဖုန်းဆက်ဖို့လိုအပ်လာတဲ့အခါ ဖုန်းထဲမှာ
bill မရှိရင် ဖုန်းလေးဟာရှင်လျက်နေသေနေသလိုပါပဲဆိုတာ .........................w@!
y@& htet

No comments:
Post a Comment