လာလည်သူများသို့

သူငယ်ချင်းခင်ဗျား
ဒီဘလော့ဂ်လေးဟာ facebook မှာရှိတဲ့ နှလုံးသားရေးရာအဖြာဖြာရဲ့ ဘလော့ဂ်ဖြစ်ပါတယ်။ ၀င်ရောက်ကြည့်ရှုသူများထဲမှ စာရေးဝါသနာပါသူ၊ ကဗျာရေးဝါသနာပါသူများ ဒီဘလော့ဂ်မှာ ၀င်ရောက်ရေးဖို့ရာဖိတ်ခေါ်ပါတယ်။ ဒီမှာတင်ထားတဲ့ ကဗျာများ၊ စာများကိုဖတ်လို့ သဘောကျတယ်ဆိုရင် comment လေးရေးထားပေးဖို့တောင်းဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းများရဲ့ comment တစ်ခုဟာ ကျွန်တော့်တို့အတွက်တော့ အားဆေးတစ်ခွက်ဖြစ်လို့ပါပဲ။ blog ရေးဖို့ရာဆက်သွယ်လိုလျှင် https://www.facebook.com/groups/heartcentre/ သို့ ပို့စ်တင်ကာဆက်သွယ်နိုင်ပါကြောင်း။

Sunday, June 30, 2013

နားလည်မိသော အချစ်

လွမ်းတယ်ဆိုတဲ့ ခံစားချက်ရဲ့ ပမာဏကို အတိအကျဖော်ပြဖို့ရာ စကားမရှိပါဘူး
နှလုံးသားကဖြစ်တဲ့ချစ်တယ်ဆိုတဲ့ ခံစားချက်ရဲ့ အတိုင်းအတာကို
ရုပ်လုံးဖော်ဖို့ရာလည်း ငါ့ဦးနှောက်ကလိုက်မမီပါဘူး
မင်းကိုလွမ်းလို့ ကြယ်လေးတွေခေါက်ခေါက်ပြီးသိမ်းထားတာ
ဘယ်လောက်များနေပြီလဲသိလား?
ဟိုးမိုးကောင်းကင်ပေါ်မှာ ရှိတဲ့ကြယ်တွေတွေ့လား
အဲကြယ်လေးတွေက ဟိုးအရင့်အရင်ဘ၀ထဲက
မင်းကိုလွမ်းလို့ ငါခေါက်ထားတဲ့ကြယ်လေးတွေပါပဲ
အချစ်က နွေးထွေးခြင်းနဲ့ ပူလောင်မှုကို ကွဲပြားစေတယ်
အချစ်က မေတ္တာထားခြင်းနဲ့ သစ္စာထားမှုကို သွန်သင်ပေးတယ်
အချစ်ကပဲ တန်ဖိုးထားမြတ်နိုးမှုဆိုတဲ့ သဘောတရားကိုဖန်တီးခဲ့တယ်
အနေဝေးလို့သွေးအေးတယ်ဆိုတာ တချိန်က သစ္စာမဲ့သူတွေရဲ့စကားတခွန်းနေမှာပါ
ငါဘာတွေဖြစ်နေနေ ဟိုးကောင်းကင်ပေါ်ကိုမော့ကြည့်မိတဲ့အခါ
မင်းပြောခဲ့ဖူးတဲ့စကားလေးတွေနားထဲမှာပဲ့တင့်ထပ်ပြီး ကြားယောင်မိပါတယ်
"ကိုယ်ကကောင်းကင်ကြီးပါ။ မေကအဲကောင်းကင်ကြီးမှာလွင့်မျောနေတဲ့ အဖြူရောင်တိမ်တိုက်လေးပါ"
(to my love by wai yan htat)


Saturday, June 29, 2013

ကောင်မလေးနဲ့ကောင်လေး တယောက်ကိုတယောက် တကယ်ချစ်မိသွားတဲ့အခါ

ကောင်မလေးနဲ့ကောင်လေး တယောက်ကိုတယောက် တကယ်ချစ်မိသွားတဲ့အခါ

တယောက်အလိုကို တယောက်က အတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်လာကြတယ်။
တယောက်ကိုတယောက် အကောင်းမြင်ပေးတတ်ကြတယ်။
တယောက်ကိုတယောက် အချိန်ပြည့်သတိရနေတတ်ကြတယ်။
တယောက်ကိုတယောက် အရမ်းဂရုစိုက်ကြတယ်။
တခြားသူအမြင်မှာ ချို့ယွင်းချက်ဖြစ်ပေမယ့် ချစ်သူတယောက်နဲ့တယောက်အတွက်တော့အားသာချက်ပါဟုမြင်တတ်ကြတယ်။
တယောက်ကိုတယောက် ခန္ဓာကိုယ်ကိုရှေ့တန်းတင်တဲ့ အချစ်မျိုးနဲ့ချစ်ကြတာမဟုတ်ဘူး။
ဘာပဲလုပ်လုပ် ချစ်သူအတွက်ဆိုပြီးရည်ရွယ်ပြီးလုပ်တတ်လာကြတယ်။
ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျော်ဖြတ်ဖို့စိတ်ကူးရဲလာကြတယ်။
ဘ၀အဆက်ဆက်တိုင်းပေါင်းရအောင်လဲ ဆုတောင်းတတ်လာကြတယ်။
သူမရှိတော့တဲ့ဘ၀မှာ မနေရဲတော့ဘူး။

(ချစ်တဲ့သူတိုင်းပေါင်းဖက်နိုင်ကြပါစေ...........)
 ဝေယံထက်

Saturday, June 22, 2013

ကြည်နူးမှု

မိုးဖွဲဖွဲလေး ကျနေတုန်း
ထီးလေးတချောင်းအောက်မှာ
တူတူလမ်းလျှောက်ရတဲ့
ခံစားချက်က ကဗျာဆန်ပါတယ်

ဒါပေမယ့် အဲလိုအခြေအနေမှာ
သီချင်းတိုးတိုးလေး ဆိုပြနေတဲ့
ချစ်သူတယောက် ရထားတော့
ပိုပြီးကဗျာဆန်တယ်လို့ ခံစားရတယ်


တကယ်ကို ကြည်နူးစရာကောင်းတဲ့ ဘ၀ပါ
Piano တီးပြီး သီချင်းဆိုပြတယ်
Coffee သောက်ပြီး နားထောင်တယ်
ငါဒီနေ့ကို တကယ်မေ့နိုင်မှာမဟုတ်ဘူး

ကျေးဇူးတင်တယ်ဆိုတဲ့ စကားကို
ဝဋ်ကျေတန်းကျေ မပြောချင်ဘူး
ငါ့ရင်ထဲက လာတဲ့ ကျေးဇူးတင်စကားကို
ငါ နင့်ကို တသက်လုံးထားမသွားပါဘူးဆိုတဲ့
ကတိစကားတခုနဲ့ဖော်ပြပါရစေ...

Tuesday, June 18, 2013

ယုံကြည်မှု



ယုံကြည်မှုဆိုတာ အပင်လေးတပင်နဲ့တူတယ်။
သူ့ကို ကြီးမားလားအောင် အချိန်ယူပြီးစိုက်ပျိုးရတယ်။
အဲဒီအပင်လေးကို မပျက်စီးအောင် ရေလောင်း၊ ပေါင်းသင်ပေးရတယ်။
ပိုပြီးကြီးထွားလာအောင်လဲ မြေသြဇာ စတဲ့အာဟာရတွေလည်းထည့်ပေးရတယ်။
အပင်လေး ကြီးမားပြီးခိုင်ခံ့လာဖို့အတွက် အချိန်တွေအများကြီးနဲ့ ရင်းပြီးပြုစုပျိုးထောင်ပေးရတယ်။
ဒါပေမယ့် ဘယ်လိုပဲဂရုတစိုက် စိုက်ပျိုးလာတဲ့အပင်ကြီးဖြစ်နေပါစေ
အချိန်တွေဘယ်လောက်ပဲပေးခဲ့ရပါစေ တခဏအတွင်းမှာ ခုတ်လှဲပစ်လို့ရတယ်။
ခုတ်လဲတဲ့နေရာမှာတောင် အကိုင်းလေးပဲလား၊ ပင်စည်တ၀က်ပဲလား၊
ပင်စည်အရင်းကပဲလား၊ အမြစ်ကနေလား စတဲ့ နေရာတွေရှိနေတယ်
အဲလို အပင်လေးကို ခုတ်လှဲနိုင်တဲ့တခုတည်းသောအရာဟာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းပဲ။
အနှစ်နှစ်အလလ က တည်ဆောက်စိုက်ပျိုးခဲ့တဲ့ ယုံကြည်မှုကို တခဏအတွင်းမှာ ပြိုလဲသွားအောင်၊
အမြစ်ကနေလှန်တူးနိုင်တာတခုပဲရှိပါတယ်။ သစ္စာဖောက်မှုဆိုတာပါပဲ။

(အားလုံးယုံကြည်မှုကို တန်ဖိုးထားနိုင်ကြပါစေ။ ယုံကြည်မှုကိုအလွဲသုံးစားမလုပ်မိပါစေနဲ့။ သင်ဟာလူတယောက်ဆိုရင်ပေါ့)

သင့်ကိုယ်သင် ကံခေသူ တစ်ယောက်လို့ ထင်နေရင်...
တစ်ချိန်က သန်းပေါင်း ၂၅၀ ကျော်ကိုတောင် သင်အောင်နိုင်ခဲ့ဖူးတာ ပြန်သတိရပါ။

(ဒဿန တက္ကသိုလ်)

Friday, June 14, 2013

My Love For U

In 21st Century,
Our Communication - Wireless
Our Dress - Topless
Our Telephone - Codeless
Our Cooking - Fireless
Our Youth - Jobless
Our Food - Fatless
Our Labor - Effortless
Our Conduct - Worthless
Our Relation - Loveless
Our Attitude - Careless
Our Feeling - Heartless
Our Politics - Shameless
Our Education - Valueless
Our Arguments - Baseless
Our Boss -Brainless
My love for you - Endless

AH(Some message from my phone)

Tuesday, June 11, 2013

ကောင်းကင်နဲ့တိမ်တိုက်

ငါက တိမ်တိုက်ပါ
နင်က ကောင်းကင်ကြီးပေါ့

ငါက ၀မ်းနည်းရင်
အမဲရောင် တိမ်တိုက်တွေ ဖြစ်ပြီး
မျက်ရည်မိုးတွေ ရွာချတတ်တယ်

ငါက ပျော်နေရင်
အဖြူရောင် တိမ်တိုက်တွေ ဖြစ်ပြီး
အရုပ်လေးတွေ ပုံဖော်တတ်တယ်

နင်က အပြာရောင်ကောင်းကင်ပါ
ငါပျော်သည်ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ
ငါအပေါ် မပြောင်းလဲတဲ့ ချစ်ခြင်းနဲ့ချစ်တဲ့
အပြာရောင်ကောင်းကင်ပေါ့

ဒါပေမယ့်ဟာ
အပြာရောင်ကောင်းကင်ကြီးက
နေမကောင်းဖြစ်ပြီး ပျောက်နေရင်
တိမ်တိုက်လေးဖြစ်တဲ့ ငါက
ပျော်ရွှင်မှု ၀မ်းနည်းမှုကို
ဘယ်လို ဖော်ထုတ်ရမှာလဲ

ဒါမှမဟုတ်
ကောင်းကင် မရှိပဲ
တိမ်တိုက်ဆိုတဲ့ အရာ
ဖြစ်ပေါ်တတ်တယ်လို့
နင်ကြားဖူးလို့လား

AH

Monday, June 10, 2013

တစ်ခဏလေးပါ

တစ်ခဏလေးပါ
တို့နှစ်ယောက် ဘယ်တော့မှ မခွဲဘူးလို့ ဟန်ဆောင်ရဲနိုင်မလား
မင်းအဝေးကို ပြေးမထွက်ပါဘူးလို့ ဟန်ဆောင်ပေးနိုင်မလား
ပြီးတော့ တို့အချစ်က ဘယ်တော့မှ မရပ်နားဘူးလို့ ဟန်ဆောင်ထားနိုင်မလားကွယ်

တစ်ခဏလေးပါ
ဒီအချစ်တွေကို နှစ်လိုဖွယ်ထားပေးနိုင်မလား
ပျော်ရွှင်တေးဆိုခဲ့တဲ့ ကာလတွေ အမှတ်တရဖြစ်အောင် ကြိုးစားပေးပါလား
ဒါမှ အကြောက်တရားအားလုံးကို ကိုယ်သိမ်းကျုံး မေ့ပစ်ကောင်းနိုင်မှာ

တစ်ခဏလေးပါ
မင်းကလည်း ကိုယ့်ကို ချစ်ပါတယ်လို့ ကိုယ်ပြောဖို့ဖြစ်မလား
ကိုယ်က မင်းကို ဂရုစိုက်သလောက် မင်းကိုယ့်ကို ပြန်ဂရုစိုက်တဲ့အကြောင်း
ပြန်ပြောင်းပြောလို့ ဖြစ်နိုင်မလား

တစ်ခဏလေးပါ
သူငယ်ချင်းတွေထက် ကိုယ်တို့ပိုပါတယ်လို့ ပြောလို့ရမလား
မင်းကို ကိုယ်ချစ်နေတုန်းပဲလားလို့ သူတို့က အမေးစကားရှိခဲ့ရင်
ပြောတာထက်တောင် ပိုသေးလို့ ဆိုရေးရှိမှာလား

တစ်ခဏလေးပါ
ကိုယ်တို့ ဘယ်တော့မှ မခွဲဘူးလို့ ရဲရဲကြီးပြောနိုင်မလား
ကိုယ်ဘယ်တော့မှ မငိုဘူးလို့ မုသားစကားဆိုရမလား
ဘယ်တော့မှ ၀မ်းမနည်းဘူးလို့ ဟန်ဆောင်ရဲနိုင်ရမှာလား

တစ်ခဏလေးပါ
မင်းလည်းကိုယ့်ကို ချစ်တယ်လို့ ဟန်ဆောင်လိုက်ကြဖို့ပါ
ဘာဖြစ်လို့လဲ ဆိုတော့ မင်းရဲ့ အချစ်ကျော့ကွင်းမှာ
ကိုယ့်တစ်ဘ၀တာ ပိတ်မိနေလို့ပါကွယ်.......

Translated By University Phone Naing
Poet By Ashley Graves

For A Moment

If only for a moment
Can we pretend we never parted
Pretend you never went away
And That our love was never thwarted

If only for a moment
Can we let this love be clear
Try remembering the good times
So I may forget all that I fear

If only for a moment
Can I say you loved me too
Say that you cared for me
As much as I did you

If only for a moment
Can we call us more than friends
And when they ask if I still love you
I'll say more than "It's depends"

If only for a moment
Can we say we never parted
Just lie and say I never cried
Pretend this sadness never started

If only for a moment
Can we pretend you love me too
Cause It's only for a lifetime
That I'm trapped in love with you.

Ashley Graves

ကမ္ဘာဦးစစ်ပွဲ

ကမ္ဘာလောကကြီးက နေ့တစ်နေ့ ဆိုတဲ့ အင်ပါယာကို ထူထောင်လိုက်တိုင်း အချိန်ဆိုတဲ့ စစ်သည်တွေက တိုက်ခိုက် အနိုင်ယူတတ်ကြစမြဲပါ။ ဒါကြောင့် သက်ရှိ သက်မဲ့ လှပခြင်းဆိုတဲ့ သဘာဝတရား ဖန်တီးမှုတွေဟာ အချိန်ဆိုတဲ့ စစ်သည်ခြေဖ၀ါးအောက် ပြားပြားမှောက် ကုန်ကြတာပါပဲ။

အချိန်က ပြောတယ်..... မင်းတို့ရဲ့ အိုမင်းရင့်ရော်ခြင်းတွေကို လက်ဆောင်ပေးနိုင်တာ ငါကွ
အချစ်က ငြင်းဆိုတယ်..... မင်းငါ့ကို အိုမင်းရင့်ရော်အောင် ဘယ်တော့မှာ မတိုက်ခိုက်နိုင်ပါဘူးကွာ

ဒီလိုနဲ့ အချိန်နဲ့ အချစ်ဟာ ကမ္ဘာဦးကတည်းက စစ်ပွဲ စ ခဲ့ကြတယ်။ အချိန်က နေ့စဉ်နဲ့အမျှ အချစ်ကို အနိုင်ယူဖို့ စစ်ပြင်ရတယ်။ သတ်ကွင်းဆင်းရတယ်။ အချစ်ကတော့ အေးပါတယ်။   ကြောင်ကို ခွေးဘာလို့လိုက်တယ်ဆိုတာ မသိဘူး။ ကမ္ဘာကြီး ပူနွေးလာတာ မသိဘူး။ ရေခဲတောင် ပြိုကျတာကို ဂရုမစိုက်ဘူး။ ပုံပြင်အသစ်တွေကို ဂရုစိုက်နားထောင်တယ်။
ပုံပြင်အဟောင်းတွေကို ပြောပြတယ်။ ကြမ်းတမ်းတဲ့ စကားတွေ မပြောတတ်ဘူး။ ဖတ်ပြီးသားစာအုပ်တွေကို ပြန်ဖတ်လည်း စာမျက်နှာတွေ ခုန်ကျော်မဖတ်ဘူး။ အထူးသဖြင့် ကျွန်တော်တို့မှာ ဇိမ်ခံစရာ TV၊ ရေခဲသေတ္တာ မရှိချိန်မျိုးတွေမှာလိုပေါ့။ ဒါကြောင့် အချိန်ဟာ အချစ်ကို တစ်ခါမှ စစ်နိုင်တယ်ဆိုတာမရှိခဲ့ဘူး။

အကြည်တော်

ငွေလမင်း ၏ သစ္စာရှင်

ပန်းတိုင်းအိပ်စက်
နေ့ကိုမက်သည်
ညနက်သဘင်
လှမဆင်လို
နှင်းလျှင်ဖြိုးဖြောက်
တံခါးခေါက်လည်း
မိုးသောက်ထိအောင် အိပ်ရက်သည်

ကုမုဒြာကြာ
ကျွန်ုပ်သာလျှင်
မျက်နှာငယ်သော
ကြယ်၏တောမှာ
တိမ်ကြောဆန်သူ
ပန်းချစ်သူကို
လူသူဆိတ်တုန်း
ညဥ့်နက်တုန်းမှာ
အပြုံးပွင့်နှင့် ကြိုပါ၏

သြော် လကွယ်သောည
နှမဘယ်ဆီ
ရောက်ခဲ့ပြီနည်း
နာရီပြန်ညောင်း
ညပေါင်းရင့်ရည်
မှောင်သည်ပိန်းပိန်း
သန်းယိမ်းလွန်လွန်
တံခွန်သောက်ရှူး
အာရုဏ်ကူးစေ
ချစ်ဦးသူကို စောင့်ပါမည်။

တက္ကသိုလ်ဘုန်းနိုင်(ပိတောက်ပွင့်ဆဲ လသာဆဲဝယ်)


Sunday, June 9, 2013

လွမ်းလို့ခေါ်တာလား၊ မွဲလို့ခေါ်တာလား..................Miss Call လေးရယ်?


ခုကျွန်တော်တို့နိုင်ငံမှာ လက်ကိုင်ဖုန်းကို လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံအသုံးပြုလာနိုင်ကြပါပြီ။
လူတိုင်းမဟုတ်သော်လည်း လူတော်တော်များများရဲ့လက်ထဲမှာ လက်ကိုင်ဖုန်းလေးတွေကိုယ်စီနဲ့ မြင်ရတာ ကျွန်တော်တို့ ဟိုတချိန်က ပါးစပ်အဟောင်းသားနဲ့ အားကျခဲ့ရတဲ့ကိုရီးယားဇာတ်လမ်းတွဲတွေ ထဲကိုရောက်နေသလားတောင် ထင်မိပါတယ်။
          လူတော်တော်များဖုန်းကိုင်လာနိုင်တာ အလွန်ဝမ်းမြောက်မိပါတယ်။ ငယ်ရွယ်သူများလဲ သူငယ်ချင်းများ၊ ချစ်သူတွေနဲ့ ဆက်သွယ်လာနိုင်လို့ ၀မ်းသာနေကြသလို၊ လူကြီးပိုင်း လူလတ်ပိုင်းများကလဲ မိမိတို့နဲ့သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာဖုန်းလေးအသုးံပြုပြီး ယခင်ကထက်ပိုမို အဆင်ပြေလာကြပါတယ်။
          ဖုန်းsim card ဈေးနှုန်းတွေလဲ တဖြည်းဖြည်းချပေးလာတော့ မြန်မာနိုင်ငံအ၀ှမ်းမှာဖုန်းအသုံပြုသူများဟာ အင်မတန် များပြားလာမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းအသုံးပြုနေကြတဲ့ လူတွေရဲ့ကြားမှာ ရေပန်းအစားဆုံး popular အဖြစ်ဆုံး တခုရှိနေပါတယ်။ ဒါကို ဖုန်းအသုံးပြုသူများ နဲ့ ရင်းနှီးကျွမ်းဝင်လို့နေပါတယ်။ ဒါကဘာလဲ.................သတိရလို့ ဆက်တဲ့ (miss call)လေးများဖြစ်ပါတယ်။
          သူတို့ဟာ ခုခေတ်စားနေတဲ့ Iphone တို့ Samsung ရဲ့ Galaxy S,SII,SIII တို့ထက်ပင် ပိုမိုလူကြိုက်များလာနေပါတယ်။ ဖုန်းအသုံးပြုသူများ ဟာ ဖုန်းအခွံဘယ်လောက်တန်တယ် ဆိုတာ ထက် ဖုန်းထဲမှာ ပိုက်ဆံဘယ်လောက်ထည့်နိုင်လဲဆိုတာ ပိုအရေးကြီးပါတယ်။ ကဲ နောက်ဆုံးပေါ် SIII ကြီးသုံးနေပေမယ့် iPhone 5 သုံးနေပေမယ့် Miss Call လေးပဲ ပေးနေတဲ့သူကိုတွေ့ဖူးကြပါသလား.............?
          ခုတော့ ဖုန်းဟန်းဆက်လေးတွေကတော့ တန်ဖိုးအရမ်းကြီးနေပေမယ့် ဖုန်းထဲမှာ တကယ်လိုအပ်တဲ့ bill မတတ်နိုင်လို့ miss call လေးတွေဟာ ဖုန်းအသုံးပြုသူတွေကြားမှာ မပါမဖြစ်ဆိုသလို နေရာယူလာကြပါပြီ။ ကိုယ့်ဖုန်းလေကို အမြဲ ကိုယ်နှင့်မကွာဆောင်ထားနေရတဲ့အဖြစ်မျိုးရောက်လာနေပါတယ်။
တကယ် ဖုန်းခေါ်တာလား ...........အလွမ်းခေါ်ဆိုမှုလေး လုပ်တာလားဆိုတာ ဖုန်းနဲ့ ကိုယ်နဲ့မကွာရှိနေမှ ခွဲခြားလို့ရနိုင်မှာပါ။ တဖြည်းဖြည်းနဲ့ ဖုန်းဟာ ကိုယ့်ရဲ့မရှိမဖြစ်ချစ်သူလေးတယောက်လိုတောင်ဖြစ်နေပြီလေ။ miss call ပေးတာကို လက်မြန်မြန်နဲ့ ပြန်ဖြေဖို့လဲ တချို့ ကျင့်ထားကြတယ်။ ဒါပေမယ့် ဒါဟာ တကယ်တော့ အချည်းနှီးသာဖြစ်ပါတယ်။ တဖက်ကအားမနာတတ်တဲ့သူဆို ဖုန်းကိုင်လိုက်ရင်တောင် ပြန်ချပစ်မှာပါပဲ။


အဲတော့ အနည်းဆုံးကိုယ့်ကို miss call ပေးတဲ့သူကို ဘယ်လို မှတ်လောက်သားလောက်အောင်ပညာပေးမှာလဲ။ autoanswer mode ကို သုံးမှာလား? ဒါလဲ useless ပါပဲ။ ပြန်ချပစ်လိုက်ရင် သူ့ဖက်က ဘယ်လောက်မှာ ကုန်ကျသွားမှာမဟုတ်ပါဘူး။
ဒါဆို miss call ပေးနေသူက မှားသလား? မမှားပါဘူးလို့ပဲဖြေရပါမယ်။ လူတိုင်းဖုန်းတခါခေါ်ရင် အနည်းဆုံးတော့ တစ်မိနစ်၊နှစ်မိနစ် လောက်ပြောဖြစ်မှာပါပဲ။ ဒါဆို ခုသတ်မှတ်ထားတဲ့နှုန်းဆို တယ်လီဖုန်းလေးကိုပြီး ခေါ်ဆိုမှုစလိုက်ပြီဆိုတာ နဲ့ မိမိအိတ်ထဲက အနည်းဆုံး 50တန် 100တန်လေးဟာ တာ့တာဆိုပြီးလက်ပြနေပါတော့တယ်။ ဒါက ကိုယ်က လိမ္မာပါးနပ်ဦးမှပါ။ ရည်းစားနဲ့များပြောလိုက်လို့ကတော့ 5000တန်လောက်ပါ တာ့တာ ပြသွားနိုင်ပါတယ်။
ကျွန်တော်ကတော့ ဖုန်းဘေလ်ကို သတ်မှတ်တာတမျိုးပါ။ တရပ်ကွက်တည်းနေတဲ့သူငယ်ချင်းမျိုးကို ခေါ်ဆိုမှုလုပ်မယ်ဆို အရင်စဉ်းစားမိတယ်။ ဒါက သာမန်ကိစ္စအတွက်ဆက်တာလား၊ အရေးအရမ်းကြီးပြီး ပြောစရာ တိုတိုပဲလားဆိုတာတွေပါ။ အရေးကြီးတယ်၊ပြောစရာလဲမများဘူးဆိုရင် ဖုန်းခေါ်လိုက်ပါတယ်။ အရေးသိပ်မကြီးဘူး ပြောစရာတွေကလဲများတယ်ဆိုရင် သူ့ကို သွားတွေ့ရင်တွေ့လိုက်ပါတယ်။ ပြီးမှ ဖုန်းဆက်လို့ကုန်မယ် ပိုက်ပိုက်လေးတွေကို လက်ဖက်ရည်ဖြစ်ဖြစ်သောက်လိုက်ပါတယ်။ ကျွန်တော်ကတော့နောက်တခုတွက်ပါသေးတယ်။ ကိုယ်နဲ့သိပ်မဝေးတဲ့ သူငယ်ချင်း လမ်းလျှောက်သွားလိုက်ရင် ရောက်နိုင်မယ့် ခရီးလောက်ရှိတဲ့သူငယ်ချင်းနဲ့ ပြောတဲ့တစ်မိနစ်နဲ့၊ မြို့နယ်တွေအရမ်းဝေးလွန်းတဲ့ (ဥပမာ မင်္ဂလာဒုံကနေ ပုစွန်တောင်က သူငယ်ချင်းကို ခေါ်ဆိုတယ်ထားပါတော့) တစ်မိနစ် ဘယ်လိုတန်ဖိုးချင်းကွာခြားတယ်ဆိုတာသိနိုင်ပါတယ်။
ဒါကြောင့်ဖုန်းဆိုတာ ဝေးမှပဲသုံးရတော့မှာလား?တကယ်တော့ ဖုန်းဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲ
ဖြစ်ဖြစ် လူတွေအဆင်ပြေစေဖို့ အဓိကပါ။ ဝေးမှနီးမှရယ်လို့တော့မဟုတ်ပါဘူး။ ဒါဆို Miss Call တွေခေတ်စားနေတာ ခေတ်ဘယ်တော့ကုန်မလဲ ကျွန်တော်သေချာမသိပါဘူး။ ဖုန်းဝင်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေသာ အသိဆုံးပါ။
တကယ်တော့ သူတို့ပြောနေကြသလိုပဲ မြန်မာနိုင်ငံက ဖုန်းခေါ်ဆိုခဟာ အိမ်နီးချင်းနိုင်ငံ
တွေထက်နည်းပါတယ်။ ဒါတွေပဲကြည့်နေပြီး ဖုန်းခေါ်ဆိုခကိုတက်ယူချင်သေးလို့လား။ အိမ်နီးချင်းနိုင်ငံတွေရဲ့
အခြေခံလူတန်းစားတယောက်ရဲ ၀င်ငွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတယောက်ဝင်ငွေဟာ အဆပေါင်းများစွာ ကွာခြားလွန်းတယ်ဆိုတာ လူတော်တော်များများသိကြပါတယ်။ ဒါကို ၀န်ဆောင်မှုပေးနေတဲ့ သူတွေက မသိတာလား မသိချင်ယောင်ဆောင်နေတာလား?
          ပြီးတော့ ဆက်သွယ်ရေးလုပ်ငန်းဆိုတာ အင်မတန်အကျိုးအမြတ်ကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။ ကမ္ဘာနဲ့အ၀န်းမှာ ဆက်သွယ်ရေးကုမ္ပဏီတွေ အရှူံးပေါ်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အရင်းကိုလုံးခနဲ့ ရင်းလိုက်ပြီးတာနဲ့ အချိန်တိုင်းမှာ ငွေကို မလှုပ်မရှားပဲ မရုန်းကန်ပဲ အေးဆေး သိန်း၊သန်းနဲ့ချီပြီး ထိုင်သိမ်းနေလို့ရပါတယ်။
          အခွန်ကိစ္စတွေပြောလျှင် ဆက်သွယ်ရေးကုမ္ပဏီတွေ လေခွန်ကိုတောင်ပေးဆောင်သင့်ပါတယ်။
ခုလဲ ပြသနာတခုလိုလိုဖြစ်လာနေသော တယ်လီဖုန်း Microwave တာဝါတွေကိစ္စကိုတွေးကြည့်လျှင်သိနိုင်ပါတယ်။ ဖုန်းတာဝါတွေက ရေဒီယိုလှိုင်းတွေထုတ်လွှတ်တာ လူတိုင်းအသိပါ။ ထိုလှိုင်းတွေကြောင့်လဲ လူတွေထိခိုက်နိုင်တယ်ဆိုတာလဲ လူတိုင်းအသိပါ။ ဒါကြောင့်အနည်းဆုံးတော့ ထုတ်လုပ်သူဖြစ်တဲ့ ၀န်ဆောင်မှုပေးတဲ့သူဖက်က တခုခုတော့ပေးဆပ်သင့်ပါတယ်။
ဒါပေမယ့် ခုထိတော့ သူတို့ဖက်က ယူဖို့သာရှိပါတယ်။
          ကျန်တာတွေကိုတော့ နောက်မှ ဆက်ရေးပါမယ်။ လောလောဆယ်တော့ မြန်မာနိုင်ငံမှာ ခေတ်အစားဆုံးဟာ သတိရတဲ့ ဖုန်းခေါ်ဆိုမှုလေးများသာဖြစ်ပါတယ်။ လူငယ်တွေဖုန်းကိုင်တော့ ဟန်းဆက်ကောင်းကောင်းကိုင်လာကြပါတယ်။ ထိုဟန်းဆက်များမှာ လူတယောက်ကို ဖျော်ဖြေပေးဖို့ရာ
သောတအာရုံနဲ့ စက္ခုအာရုံအတွက်တော့ ပြီးပြည့်စုံသလောက်ရှိပါတယ်။ ဒါပေမယ့် ဖုန်းဆိုတာ ဖုန်းသာဖြစ်ပါတယ်။ ဖုန်းဆက်ဖို့ရာ ပိုက်ဆံရှိမှာ မိမိဖုန်းဟာ တခြားသူတွေရဲ့ ဖုန်းများကြားမှာ ဖုန်းရာဝင်မှာဖြစ်ပါတယ်။ အမြဲတန်း Miss Call ပေးနေရရင်တော့ မချောင်ပါဘူး။ နောက်ဖုန်းဆက်ဖို့ အချိန်တိုင်း လက်တွန့်နေရရင် ထိုဖုန်းလေးဟာ ရန်သူနဲ့မခြားဖြစ်လာပါလိမ့်မယ်။ မိမိရဲ့ ပိုက်ဆံလေးတွေကို တ၇ွက်ရွက်ပြီးတရွက် ၀ါးမျိုနေတဲ့ သတ္တ၀ါလေးတကောင်ဖြစ်လာပါလိမ့်မယ်။
          အသိလူကြီးတယောက်ရဲ့စကားလေးကို ပြန်ကြားမိပါတယ်။ မင်းဖုန်းဝယ်လိုက်ပြီဟုတ်လား......အော်မင်းသနားစရာပါလား..........ဖွတ်တကောင်ဝယ်လိုက်တာနဲ့တူတယ်ဆိုတဲ့ စကားလေးပါ။ ဟုတ်ပါတယ် တခါတလေ တကယ်ကိုဖွတ်လို့ထင်မိပါတယ်။ လုပ်ငန်းရှင်တွေအတွက် ဖုန်းဘေလ်ဆိုတာ ကိစ္စသိပ်မရှိပေမယ့် သာမန်လူတန်းစား၊ မိဘဆီက ငွေကိုတောင်းသုံးနေရတဲ့ ကျောင်းသားအ၇ွယ်လူငယ်များအတွက် ယနေ့ခေတ်မှာ ဖုန်းဘေလ်ကာမိရေးဟာ စာမေးပွဲအောင်ဖို့ ကြိုးစားနေရသလို အရေးကြီးလာနေပါတယ်။ ဒါကြောင့် ဖုန်းhandset လေးတွေဘယ်လောက်တန်တန် တကယ်ဖုန်းဆက်ဖို့လိုအပ်လာတဲ့အခါ ဖုန်းထဲမှာ bill မရှိရင် ဖုန်းလေးဟာရှင်လျက်နေသေနေသလိုပါပဲဆိုတာ .........................w@! y@& htet

ပညာတတ် လူကြီးလူကောင်းဆိုတာ?


အကြောင်းလေးကတော့အင်မတန်ရိုးစင်းပါတယ်။ လူတော်တော်များများကြုံဖူးကောင်းကြုံဖူးကြပါလိမ့်မည်။ ကျွန်တော် တို့ အိမ်ဘေးက အိမ်နီးနားချင်းလို့ ဆိုပါတော့။ သို့သော် ကျွန်တော်တို့ နဲ့ ဆက်ဆံရေးကျဲသည်။ ဘာကြောင့်လဲဆိုတာ ရှင်းပြမည်-
          ကျွန်တော်တို့အိမ်ချင်း အခန်းကပ်ရပ်တွင် ဒေါ်လှ(အမည်လွဲ) တို့နေထိုင်သည်။ သူတို့ သည် တကိုယ်တည်း အပျိုကြီးပုံစံမျိုး။ သေချာတော့မသိ။ ပြောင်းလာခါစကတော့ကြားဖူးသည်။ ယောက်ျားရှိသည်ဟု။ သို့သော် ယောက်ျားကိုကာ အရိပ်အယောင်မျှမတွေ့ရ။ အဲဒါက အကြောင်းမဟုတ် သို့သော် ရေးမည့်အကြောင်းအရာနှင့်တော့  အနည်းငယ်ဆက်စပ်မှုရှိသည်။ ထို ဒေါ်လှဆိုသူသည် အစိုးရဌာနတခုတွင် ဌာနကြီးမှူး အကြီးအကဲတစ်ယောက် (အင်ဂျင်နီယာ)တယောက်လဲဖြစ်ပေသည်။ သူမ၏အိမ်တွင် အိမ်အကူလုပ်ရန် အသက် ၁၀နှစ်ကျော် ၁၂ နှစ်ခန့် ကောင်မလေး၂ယောက်ကို အိမ်အကူဖြစ်ခေါ်ထားသည်။ တချို့သိကြမည်။ မိဘမဲ့ဂေဟာ က ခေါ်ထားခြင်းဖြစ်သည်။ ကလေးတွေကိုမွေးစားမည်။ ကျောင်းထားပေးမည်။ စသည်ဖြင့် ၀န်ခံကတိပြုကာ မွေးစားထားခြင်းဖြစ်သည်။ ထို့သို့ မွေးစားခြင်းကို အသိတယောက် လုပ်ဖူးသည်။ တကယ်ပဲ ထိုကလေးကို မွေးစားကာကျောင်းကို သေချာထားပေးသည်။ ထိုကလေးသည်ခုဆိုလျှင် GTU ပင် ဒုတိယနှစ်ကိုရောက်နေပြီဖြစ်သည်။
          သို့သော် ခုကျွန်တော်ပြောမည် ကလေး၂ယောက်ဘ၀နှင့်လွန်စွာကွာခြားလွန်းလှသည်။ ကျွန်တော်တို့ အိမ်ဘေးနားက ကလေး၂ယောက်မှာမူ ကျောင်းထားပေးခြင်းတော့ခံရသည်။ စာလုပ်ချိန်မရ။ သူတို့ကျောင်းကပြန်လာချိန် တွင်အိမ်ထဲသို့ဝင်ခွင့်မရှိ။ ဘာကြောင့်လဲဆိုတော့ သူတို့အိမ်ရှင် ဒေါ်လှသည် ရုံးက ပြန်မရောက်သေးပေ။ ထိုကလေးများကို သော့လဲပေးမထား။ လူမရှိလျှင် အပြင်ကနေစောင့်နေရသည်။ တစ်နာရီလဲဖြစ်မည်။ သုံး၊လေးနာရီလဲစောင့်ရသည်။ ထိုသို့စောင့်နေချိန် ဒေါ်လှပြန်လာလျှင် ဒီတိုင်း ထိုင်နေတာတွေ့လျှင် အဆူအငေါက်ခံရသည်။ ရိုက်သည်ပုတ်သည်ကိုတော့မတွေ့။ လူမြင်ကွင်းမှာမို့လားတော့မသိ။ ထို့ကြောင့်ထိုကလေးများ ကျောင်းကပြန်ရောက်လာချိန်တွင် အိမ်ရှေ့ရှိ သစ်ပင်ကလေးမှာလွယ်အိတ်ကလေးချိတ် အိမ်ရှေ့က အမှိုက်ကောက်လျှင်ကောက် မကောက်လျှင် မြက်နှုတ်နေရသည်။ သို့မှသာ ပြန်လာလျှင် အဆူအငေါက်လွတ်မည်ဖြစ်သည်။ ဒါတောင် ကံမကောင်းအကြောင်းမလှလျှင် အလုပ်ထဲမှာ ဒေါ်လှဆိုသူ တခုခုအဆင်မပြေဖြစ်လာပါက ကလေးတွေကို အကြောင်းမရှိအကြောင်းရှာ ဆူညံပူညံလုပ်သေးသည်။ ဒါတင်ပဲလားမဟုတ်။ ပြန်လာသမျှ ပစ္စည်းအားလုံးကို သယ်ပေးရသည်။ အရွယ်နှင့်မမျှသည့်ပစ္စည်းကိုပင်မနိုင်မနင်း သယ်ပေးရသည်။ ပြီးပြီလားဆိုတော့မပြိးသေး။
တခါတလေ အိမ်ထဲရောက်တာနဲ့ ကြမ်းတိုက်၊ တံမြက်လှည်း စသည်ဖြင့်အိမ်မှုကိစ္စ စုံနေအောင်လုပ်ရသည်။ ဒါတင်လား ဆိုတော့ မပြိးသေးပေ။
          တခါတရံသူ့၏အစ်မ သည် ဒေါ်လှအိမ်သို့လာလည်တတ်သည်။ ထိုသို့လာလည်လျှင် အပြန်တွင် ထိုကလေးများ ကို သူ၏အစ်မ အိမ်တွင် လုပ်အားပေးဖို့ ထည့်လိုက်သည်။ ထိုအိမ်တွင် ဘာလုပ်ရသည်ဆိုတာကိုတော့သေချာမသိပေ။ ထိုကလေးများသည် တခါတရံကျောင်းတက်ဖို့ မနက်အစောကြီး သူ၏အစ်မ အိမ်မှ ပြန်လာသည်ကိုတော့ ကျွန်တော်ကျောင်းသွားတိုင်းမြင်နေကြလိုဖြစ်နေသည်။
          ကလေးတွေအိပ်ချိန် တွင် မီးဖိုချောင်ထဲတွင် အိပ်ခိုင်းသည်။ ကလေးတွေခများ ကြည့်လျှင်ပင် အစစအရာရာညှိုးနွမ်းနေသည်။ ကြည့်ရုံဖြင့်ပင်ကိုယ်ချင်းစာနိုင်ပါသည်။ ဒါဆိုလျှင် စနေ၊တနင်္ဂနွေ နားရမည် မမှတ်နှင့်။ သူတို့ အိမ်အပြင်သွားလျှင် သူတို့ ဆွေးမျိုးသားချင်းမကျန်ခဲ့လျှင် ကလေးတွေကို အိမ်မှာမနေခိုင်း အိမ်အပြင်ဖက်ထုတ်ထားခဲ့သည်။ အိမ်တလျှောက်ဖုန်သုတ်ခိုင်းသည်။ မြက်နှုတ်စသည်ဖြင့် တခုခုကို ခိုင်းခဲ့သည်မှာ ဓမ္မတာလိုဖြစ်နေသည်။ သူတို့စားဖို့ စားစရာများကို ထမင်းဘူးလေးဖြင့်သို့မဟုတ်၊ တခါတရံ အပြင်ကနေ အသုတ်လေးတပွဲ၂ပွဲကို ၀ယ်စားခိုင်းသည်။ သူတို့ မပြန်မလာမချင်း အိမ်အပြင်တွင်သာနေရသည်။ သူတို့သည်လည်း စနေ၊တနင်္ဂနွေ အများပြည်သူရုံးပိတ်ရက်အပြင်ထွက်လျှင် တော်တော်နှင့်ပြန်မရောက် ညနေစောင်းမိုးချုပ်ခါမှ ပြန်လာတတ်သည်။ ထိုကဲ့သို့နေ့များတွင်ထိုကလေးများ အပြင်တွေတနေကုန်ရသည်။ သာမန် အချိန်ဆိုရင်တော့ကိစ္စမရှိ၊ မိုးရာသီ ဆိုလျှင် ထိုကလေးများကို အလွန် သနားမိသည်။ သူတို့၏ ၀ဋ်ကြွေးသည် တော်တော်ကြီးလှပါတကားဟု စိတ်ထဲမှာအောက်မေ့မိသည်။ မိုးရွာနေလျှင် ကျွန်တော်တို့ အခန်းနှင့် သူတို့အိမ်အခန်းကြား လွတ်ရာနေရာလေးမှာ ထိုင်နေပြီးသာအချိန်ကုန်ခဲ့ရသည့်နေ့များသည် အတော်ပင်များနေလေသည်။
          ကျွန်တော် ကတော့အောက်မေ့မိသည်။ လူဆိုတာ ဘယ်လိုသတ္တ၀ါလဲပေါ့?၊ အကြင်နာဆုံး၊အသိဥာဏ်အရှိဆုံး သတ္တ၀ါသည်လည်းလူဖြစ်သည်။ အရက်စက်ဆုံး၊ အကြင်နာတရားခေါင်းပါဆုံး ကလည်းလူတွေဖြစ်နေသည်။ အကယ်​​၍ ထိုကလေးများနေ၇ာတွင် ကိုယ့်သားသမီးဆိုလျှင် ဘယ်လိုခံစားရမည်နည်း။ အိမ်အကူခေါ်သည်။ ခိုင်းပါ မခိုင်းနဲ့လို့ကျွန်တော်ဆိုလိုနေခြင်းမဟုတ်။ ဒါပေမယ့် သင့်တင့်လျောက်ပတ်ရုံ ခိုင်းသင့်သည်။ ခုတလောခေတ်စားနေသည့်စကားနှင့်ပြောပါဆိုလျှင် (လူသားချင်းကိုယ်ချင်းစာ)သင့်သည်လို့ပြောရမည်ဖြစ်သည်။ ကလေးတွေကို ကျောင်းထားတော့ပေးသည်။ စာလေ့လာခွင့်မပေး။ ဘယ်မှာစာတတ်မြောက်နိုင်မည်နည်း။ ရှင်းရှင်းပြောပါဆိုလျှင် ကျွန် မွေးမြူနေသလိုဖြစ်နေပေမည်။ အကယ်၍ ဒေါ်လှသည် ကလေးတယောက်မွေးထားလျှင်ပင် ထိုသိုက ထိုကလေးများအပေါ်ခိုင်းရက်မည်လားဟု ကျွန်တော်တွေးမိသည်။ယနေ့ခေတ်တွင် ဒီလိုကိစ္စမျိုးတွေမရှိသင့်တော့တာအမှန်ဖြစ်သည်။ ဒါဆို ဒီလိုကိစ္စမျိုးတွေဘယ်လိုပပျောက်သွားအောင်ဘယ်လိုလုပ်သင့်သနည်း။ ကလေးတွေကတိုင်ဖို့ စဉ်းစားနိုင်မည်လား။ အကူညီတောင်းဖို့ရာဆွေမဲ့မျိုးမဲ့လေးတွေ သူတို့ဘ၀ကိုမည်သူကယ်တင်နိုင်မည်နည်း။ ထိုအမျိုးသမီးကြီး
ဒေါ်လှသည် ဘွဲ့ရပညာတတ်တယောက် သာမန်ဘွဲ့တောင်မဟုတ် အင်ဂျင်နီယာဘွဲ့၊ သာမန်ဝန်ထမ်းမျိုးလဲမဟုတ် ရာထူးကြီးသော ဌာနအကြီးအကဲတယောက်ဖြစ်သည်။ သူ့၏ ဂုဏ်ဒြပ်သည် ကြီးမားသည်ဟုဆိုရပေမည်။ သို့သော် ကျွန်တော့်အတွက် တော့ ဘာမှမဟုတ်။သာမန် လူတယောက်လောက်မျှ အထင်မကြီး အထင်တောင်သေးသည်။ ရွံမုန်းကြိးဖြစ်နေလေသည်။ လူတယောက်ရဲ့စာရိတ္တ၊ အဆင့်အတန်းသည် ဘာနှင့်ခွဲခြားရမည်နည်း။ လူတချို့ပြောကြသည်။ လူမိုက်တွေနဲ့တွေ့လျှင် (မိုက်တာပေါ့ အဲခွေးလိုကောင် ပညာမှမတတ်တာ )ဟုဆိုတတ်သည်။ ဒါဆို ဒေါ်လှကပညာတတ်သည် ရာထူးအရာခံလဲရှိသည်။ သူကရော ဘာလို့လဲဟုမေးခွန်းထုတ်စရာဖြစ်လာမည်။ နောက်တခု ထိုလူမိုက်လူရမ်းကားများသည် လူအများရှေ့တွင် ပေါ်တင်မိုက်ရဲသည်။ရိုက်ရဲသည်။ သူမိုက်သည်ကိုလူတိုင်းသိသည်။ သို့သော် ဒေါ်လှလို ကိုယ်ချင်းမစာမနာ မိုက်ရိုင်းသူကိုတော့မည်သူမျှမသိ..............ကျွန်တော်မေးချင်သည်မှာ..........လူတယောက်ရဲ့တန်ဖိုးကို ပညာ၊ရာထူးစတာတွေနဲ့.......ခန့်မှန်း၍ရသလား.......?
(ဤဆောင်းပါလေးသည် လူလူချင်းကိုယ်ချင်းစာတတ်စေရန်ရန်ရွယ်ပါသည်။ မိမိပတ်ဝန်းကျင်က အမှန်တကယ်ဖြစ်ပျက်နေသည်ကို နာမည်လွဲကာရေးထားခြင်းဖြစ်ပါသည်။ လူတိုင်းလူတိုင်း ကိုယ်ချင်းစာစိတ် များကိန်းအောင်းကြပါစေလို့ .........ဆုတောင်းရင်း..........ဝေယံထက်)

Saturday, June 8, 2013

ဖြစ်နိုင်ရင်လေ

ချစ်လွန်းလို့ သ၀န်တိုပြီး
ချုပ်ချယ်မိတာ ကို ငါလက်ခံပါတယ်
ငါလက်မခံနိုင်တာ နင့်ငါ့အပေါ်
ယုံကြည်မှု ခဏတာ ပျောက်သွားတာကိုပါ

လွမ်းလွန်းလို့ သတိရပြီး
ပြန်လာပါတော့လို့ပြောတာ ငါလက်ခံပါတယ်
ငါလက်မခံနိုင်တာ လွမ်းလို့ဆိုပြီး
ဘာအလုပ်မှမလုပ်ပဲ ထိုင်ဆွေးနေတာကိုပါ

အခန့်မသင့်လို့ စိတ်ကောက်ပြီး
ငါတို့တွေ ရန်ဖြစ်ကြတာ ငါလက်ခံပါတယ်
ငါလက်မခံနိုင်တာ အချိန်အကြာကြီး
အဲဒီ အကြောင်းအရာတွေကို မှတ်ထားမှာကိုပါ

ချစ်သူရယ် ဖြစ်နိုင်ရင်လေ
ငါတို့တွေ သ၀န်တိုပေမယ့်
ယုံကြည်မှုဆိုတာ ရှိကြောင်းပြကြရအောင်
ငါတို့တွေ လွမ်းပေမယ့်
ငါတို့ ရှေ့ရေးအတွက် ကြိုးစားကြရအောင်
စိတ်ကောက် ရန်ဖြစ်ပေမယ့်
ရန်ဖြစ်ပြီးတိုင်း အဲဒီကိစ္စတွေကို မေ့ထားလိုက်ကြရအောင်
                                                                             AH

စကားတခွန်း


ချစ်သူ
နင် အထီးကျန်တယ် လို့ post တင်တိုင်း
ငါ့နှလုံးသား နာကျင် ခံစားရတာ
နင်မသိတာလား

နင်တယောက်ထည်း အဖော်မဲ့နေပါတယ်လို့ဆိုတိုင်း
ငါ ရူးတော့မလို ခံစားရတာ
နင်မသိတာလား

နင် ငါ့ကို "ထားခဲ့မှာလား" လို့မေးတိုင်း
ငါ သေမလောက်အောင် ခံစားရတာ
နင်မသိတာလား

နင်ပြောလိုက်တဲ့ ဘာမဟုတ်တဲ့
စကားလေးတခွန်းက
ငါ့အတွက် အဓိပ္ပါယ် အပြည့်နဲ့
ပျော်ရွှင်မှု ၀မ်းနည်းမှု ဆိုတာဖြစ်စေတာ
နင်သိခဲ့မယ်ဆိုရင်
အဲလို စကားတွေ မပြောပါနဲ့ဟာ

ငါ့ တောင်းဆိုမှုတခု
နင့်အပေါ် အရာထင်ခဲ့မယ်ဆို
အဲလို "အထီးကျန်တယ်" "အဖော်မဲ့တယ်" "ထားခဲ့မှာလား"
ဆိုတဲ့ စကားတွေ မပြောပါနဲ့နော်..


AH

မင်းအတွက်မင်း



အားငယ်နေလား သူငယ်ချင်းရေ
ဘာတွေကိုတွေး မိန်းမောနေမှာလဲ
မဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေလား
မရနိုင်သေးတဲ့ အရာတွေလား
ပြန်မချစ်နိုင်သူ တယောက်ကိုလား
နားမလည်တဲ့ ပုစ္ဆာကိုလား

မင်းဘ၀မှာ မင်းပဲရှိတယ်လေကွာ
မွေးတည်းကတယောက်တည်း
သေတဲ့အခါလည်း တကိုယ်တည်းပါ
ဘယ်သူမှ အတူတူမလာသလို
ပြန်တော့လည် အတူတူပြန်ကြမှာမဟုတ်ပါဘူး
ကိုယ်ရေးခဲ့တဲ့သမိုင်း
ကိုယ်ကိုယ်တိုင်ပဲ ပြန်ဖတ်ကြရမှာလေ

မင်းကူညီဖေးမတတ်တာ သိပါတယ်
ဒါပေမယ့် သူများဆီက အကူအညီပြန်ယူဖို့ မစဉ်းစားပါနဲ့
လူဆိုတာ အတ္တကိုယ်ဆီရှိကြတယ်မဟုတ်လား
လိုရင်သုံး မလိုရင်တော့ မုန်းမှာပဲလေ

ဖေးမစောင့်ရှောက်မှု မရလိုအားမငယ်နဲ့
အဲဒါတွေကိုလက်လွတ်လိုက်
မင်းအတွက် တိုးတက်လာမယ့်
ကိုယ်ရည်ကိုယ်သွေးတွေက
ဆုလဒ်အဖြစ်ရှိပြီးသား
အဲဒီဆုလဒ်တွေကိုသာ ရယူနိုင်အောင်ကြိုးစား
ဖို့တစ်ဖို့တဲ့ပဲရှိတဲ့ သူတွေနဲ့ မင်းတန်းမညှိနဲ့
မင်းကိုယ်တိုင် တန်းဖိုးကျသွားပါလိမ့်မယ်

မင်းဘ၀မှာ မင်းသာလျှင်
မင်းသားပါ......
ဝေယံထက်