လိပ်ပြာမှန်ရင် ပန်းလေးတွေနားမှာဝဲပါတယ်
ပန်းမှန်ရင်လဲ ရနံ့ရှိလေရဲ့
မွှေးတယ် မမွှေးတယ်ဆိုတာ
နမ်းရှိုက်သူအပေါ်မှာမူတည်သလို
ပန်းကလေးတွေရဲ့ မူလရနံ့မှာလည်းမှီခိုပါတယ်
လူမှန်ရင်အချစ်ဆိုတာရှိပါတယ်
အချစ်ရှိမှာလဲ လူဆိုတာဖြစ်တယ်
စစ်မှန်တဲ့အချစ် ဖြစ်မဖြစ်ဆိုတာ
ခံစားတဲ့သူကိုယ်တိုင်အပေါ်မူတည်သလို
အချစ်ခံရတဲ့ လူတယောက်ရဲ့
သက်ရောက်ခံရမူလည်းရှိပြန်တယ်
အခြေအနေအမျိုးမျိုးနဲ့
ကျယ်ပြောလှတဲ့ ဒီလောကကြီးမှာ
ငါ့ရဲ့သတို့သမီးလောင်း
ချစ်သူမင်းကို စတွေ့မိတည်းက
ဘယ်တော့မှ လက်တွဲမဖြုတ်ဖို့
ငါသင်ယူထားခဲ့မိတယ်
သစ္စာတရားကိုအခြေခံလို့ပေါ့
နံရံတွေကားဆီးတားချင်လည်းတားလိမ့်မယ်
နေရာတွေကွာဝေးလှမ်းနေချင်လည်းလှမ်းလိမ့်မယ်
စက္ကန့်နှင့်အမျှ ခုန်နေတဲ့ ငါတို့ နှလုံးခုန်သံချင်း
တော့ ထပ်တူအမြဲကျနေမယ်လို့
ငါယုံကြည်တယ် ချစ်သူ
ဘာလို့လည်းဆိုတော့ မင်းက ငါ့နှလုံးသားလေးဖြစ်နေပြီကို
ပန်းမှန်ရင်လဲ ရနံ့ရှိလေရဲ့
မွှေးတယ် မမွှေးတယ်ဆိုတာ
နမ်းရှိုက်သူအပေါ်မှာမူတည်သလို
ပန်းကလေးတွေရဲ့ မူလရနံ့မှာလည်းမှီခိုပါတယ်
လူမှန်ရင်အချစ်ဆိုတာရှိပါတယ်
အချစ်ရှိမှာလဲ လူဆိုတာဖြစ်တယ်
စစ်မှန်တဲ့အချစ် ဖြစ်မဖြစ်ဆိုတာ
ခံစားတဲ့သူကိုယ်တိုင်အပေါ်မူတည်သလို
အချစ်ခံရတဲ့ လူတယောက်ရဲ့
သက်ရောက်ခံရမူလည်းရှိပြန်တယ်
အခြေအနေအမျိုးမျိုးနဲ့
ကျယ်ပြောလှတဲ့ ဒီလောကကြီးမှာ
ငါ့ရဲ့သတို့သမီးလောင်း
ချစ်သူမင်းကို စတွေ့မိတည်းက
ဘယ်တော့မှ လက်တွဲမဖြုတ်ဖို့
ငါသင်ယူထားခဲ့မိတယ်
သစ္စာတရားကိုအခြေခံလို့ပေါ့
နံရံတွေကားဆီးတားချင်လည်းတားလိမ့်မယ်
နေရာတွေကွာဝေးလှမ်းနေချင်လည်းလှမ်းလိမ့်မယ်
စက္ကန့်နှင့်အမျှ ခုန်နေတဲ့ ငါတို့ နှလုံးခုန်သံချင်း
တော့ ထပ်တူအမြဲကျနေမယ်လို့
ငါယုံကြည်တယ် ချစ်သူ
ဘာလို့လည်းဆိုတော့ မင်းက ငါ့နှလုံးသားလေးဖြစ်နေပြီကို

No comments:
Post a Comment