လာလည်သူများသို့

သူငယ်ချင်းခင်ဗျား
ဒီဘလော့ဂ်လေးဟာ facebook မှာရှိတဲ့ နှလုံးသားရေးရာအဖြာဖြာရဲ့ ဘလော့ဂ်ဖြစ်ပါတယ်။ ၀င်ရောက်ကြည့်ရှုသူများထဲမှ စာရေးဝါသနာပါသူ၊ ကဗျာရေးဝါသနာပါသူများ ဒီဘလော့ဂ်မှာ ၀င်ရောက်ရေးဖို့ရာဖိတ်ခေါ်ပါတယ်။ ဒီမှာတင်ထားတဲ့ ကဗျာများ၊ စာများကိုဖတ်လို့ သဘောကျတယ်ဆိုရင် comment လေးရေးထားပေးဖို့တောင်းဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းများရဲ့ comment တစ်ခုဟာ ကျွန်တော့်တို့အတွက်တော့ အားဆေးတစ်ခွက်ဖြစ်လို့ပါပဲ။ blog ရေးဖို့ရာဆက်သွယ်လိုလျှင် https://www.facebook.com/groups/heartcentre/ သို့ ပို့စ်တင်ကာဆက်သွယ်နိုင်ပါကြောင်း။

Tuesday, July 2, 2013

နှလုံးသားအိမ်ပျက်


ကောင်မလေး မင်းငါ့နှလုံးသားထဲ
မလာခင်ကကြိုသတိပေးထားမည်.....
ငါရဲ့နှလုံးသား နေသူမရှိ
အချိန်တွေကြာ ခြစား၊ ဖုန်တက်၊
ကြက်ခိုးများလည်း ဆွဲနေပြီ.........
ဘယ်သူ့ကိုမှလဲ လာကာနေဖို့
အတင်းမဖိတ်ခေါ်ု....
ခေါ်သူတိုင်းလဲ မလာပဲ
ရှောင်ခွာပြေးခဲ့ကြလေပြီ.........
နေချင့်စဖွယ် သုခစံအိမ်တစ်လုံး
မဖြစ်သောကြောင့်
ဘယ်သူနေချင်ကြမည်နည်း......
တခုတော့ပြောမည်.....
တချိန်တခါ ငါ့နှလုံးအိမ်သည်
ခိုးနားသမျှ လူအ၀၀ကို
အကာအကွယ် စိတ်ချမ်းသာမှု
ငါပေးခဲ့ဖူးလေသည်....
သို့သော်ငြားလည်း ......
မတော်တရားလူအများသည်
ငါ၏နှလုံးအိမ် အသည်းစိုင်ကို
အရိပ်နေနေ အခက်ချိုးချိုး
ခဏတာနား ပြန်ကာသွားလျှင်
ရသမျှ အကုန်ယူ
ယူကာမရဖျက်လို့ထားခဲ့ကြလေသည်
နောက်ဆုံးတခုမှာချင်သည်....
ထိုကဲ့သို့မဟုတ်ယခုအချိန်ဝယ်
ငါ့နှလုံးသားထိုအိမ်ကလေးမှာ
ညစ်နွမ်းစုတ်ပြတ်နေသော်ငြားလည်း
မင်းလာလျှင် ထိုအိမ်ကလေးမှာ
နေရောင်ကာကွယ်....
လေဒဏ်ကိုတား....
မိုးရွာလျှင်ခို အသုံးပြုလို့ရပေမည်....
ထိုထက်ပိုငြား မိန်းကလေးမင်းမှာ
တသက်တာနေ စိတ်ကူးပါလျှင်
ပျက်စီးနေသော ငါ့နှလုံးသားအိမ်
အသဲစံအိမ်ကို မင်း၏အချစ်စစ်
မေတ္တာအမှန်နှင့် နဂိုအခြေအနေ
ပြန်လည်ရောက်အောင်
မွမ်းမံပြုပြင်စေချင်သည်............
                                                (ဝေယံထက်)


No comments:

Post a Comment