လာလည်သူများသို့

သူငယ်ချင်းခင်ဗျား
ဒီဘလော့ဂ်လေးဟာ facebook မှာရှိတဲ့ နှလုံးသားရေးရာအဖြာဖြာရဲ့ ဘလော့ဂ်ဖြစ်ပါတယ်။ ၀င်ရောက်ကြည့်ရှုသူများထဲမှ စာရေးဝါသနာပါသူ၊ ကဗျာရေးဝါသနာပါသူများ ဒီဘလော့ဂ်မှာ ၀င်ရောက်ရေးဖို့ရာဖိတ်ခေါ်ပါတယ်။ ဒီမှာတင်ထားတဲ့ ကဗျာများ၊ စာများကိုဖတ်လို့ သဘောကျတယ်ဆိုရင် comment လေးရေးထားပေးဖို့တောင်းဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းများရဲ့ comment တစ်ခုဟာ ကျွန်တော့်တို့အတွက်တော့ အားဆေးတစ်ခွက်ဖြစ်လို့ပါပဲ။ blog ရေးဖို့ရာဆက်သွယ်လိုလျှင် https://www.facebook.com/groups/heartcentre/ သို့ ပို့စ်တင်ကာဆက်သွယ်နိုင်ပါကြောင်း။

Friday, September 13, 2013

မသိခြင်း

ဟုတ်တယ် ငါ မသိဘူး
စီးပွားရေး လောကထဲက
ကြောက်စရာ ထောင်ချောက်တွေအကြောင်း

ဟုတ်တယ် ငါ မသိဘူး
လူမှုရေး လောကထဲက
ကြောက်စရာ မနာလို အတ္တကြီးမှုတွေအကြောင်း

ဟုတ်တယ် ငါမသိဘူး
နိုင်ငံရေး လောကထဲက
ကြောက်စရာ ဇာတ်သိမ်းနဲ့ စစ်ပွဲတွေအကြောင်း

ဟုတ်တယ် ငါမသိဘူး
ပညာရေး လောကထဲက
အံ့သြဖွယ် Ph.D ဘွဲ့တွေအကြောင်း

ဟုတ်တယ် ငါမသိဘူး
ကျန်းမာရေး လောကထဲက
ကြောက်စရာ ရောဂါတွေအကြောင်း

ဟုတ်တယ် ငါမသိဘူး
ငါ သိတာက ငါ ဘာမှကောင်းကောင်း မသိသေးတာပဲ
တကယ်လို့ ပြည့်ပြည့်စုံစုံများ နင်သိခဲ့ရင်
ငါ အတ္တကြီးစွာ တောင်းဆိုမှု တခု လုပ်လို့ရမလား
နင် သိတာတွေအကုန် ငါနားလည်အောင် ရှင်းပြပေးပါလားလို့လေ

AH

No comments:

Post a Comment