လမင်းကြီးကို ငါတို့အတူတူ
မော့ ကြည့်နေကြတယ်
ငါတို့ တနိုင်ငံစီ ခြားနေတာပါ
ဒါပေမယ့် ငါတို့ကြည့်နေတဲ့
လမင်းကတော့ တခုတည်းပါပဲ
အနာဂါတ်တခုကို ငါတို့အတူတူ
တည်ဆောက်နေကြတယ်
ငါတို့ လျှောက်တဲ့လမ်းက မတူပါဘူး
ဒါပေမယ့် ငါတို့ရဲ့ပန်းတိုင်
အနာဂါတ်ကတော့ အတူတူပါပဲ
အတူတူကြည့်ခဲ့တဲ့
လမင်းကြီးကို ကြည့်ပြီး
သစ္စာဆို ဆုတခု တောင်းခဲ့တယ်
ငါတို့ရဲ့ အနာဂါတ်
သာယာဖြောင့်ဖြူးပါစေလို့ပေါ့....
(by Ariel Hmu)
P.S (ကျွန်တော့်ချစ်သူက ကဆုန်လပြည့်နေ့ အမှတ်တရ ရေးပေးတဲ့ကဗျာလေးပါ)
မော့ ကြည့်နေကြတယ်
ငါတို့ တနိုင်ငံစီ ခြားနေတာပါ
ဒါပေမယ့် ငါတို့ကြည့်နေတဲ့
လမင်းကတော့ တခုတည်းပါပဲ
အနာဂါတ်တခုကို ငါတို့အတူတူ
တည်ဆောက်နေကြတယ်
ငါတို့ လျှောက်တဲ့လမ်းက မတူပါဘူး
ဒါပေမယ့် ငါတို့ရဲ့ပန်းတိုင်
အနာဂါတ်ကတော့ အတူတူပါပဲ
အတူတူကြည့်ခဲ့တဲ့
လမင်းကြီးကို ကြည့်ပြီး
သစ္စာဆို ဆုတခု တောင်းခဲ့တယ်
ငါတို့ရဲ့ အနာဂါတ်
သာယာဖြောင့်ဖြူးပါစေလို့ပေါ့....
(by Ariel Hmu)
P.S (ကျွန်တော့်ချစ်သူက ကဆုန်လပြည့်နေ့ အမှတ်တရ ရေးပေးတဲ့ကဗျာလေးပါ)

အနာဂတ်လမ်းသာယာပါစေ..
ReplyDelete