နင့် အပြုံးပန်းလေးတွေ ရှေ့မှာ အကြိမ်ကြိမ်ကျရှုံးဖူးတဲ့ ငါ...
နင့် စကားချိုချိုလေးကို နားနဲ့ မနာ၊ နှလုံးသားနဲ့ နာခံတတ်တဲ့ငါ...
နင့် အနမ်းပွင့်လေးတွေကို ရင်ခွင်ထဲထည့် သော့ခတ်သိမ်းထားခဲ့တဲ့ငါ...
နင်နောက်ဆုံးပေးတဲ့ အမုန်းကြောင့် ကြွေလွင့်ခဲ့ရတဲ့ ငါ့ကို...
မျက်လုံးကိုမှိတ် နားကိုပိတ်ပြီး အသည်းစိမ်းစိမ်းနဲ့ နင်သတ်ရက်ပေမယ့်...
ကွဲအက်ရာအပြည့်နဲ့ ငါ့နှလုံးသားက နင့်အတွက်ခုန်နေဆဲပါ...။
by Kiyomi Suze

ကောင်းပါတယ်
ReplyDelete